ကွမ်းခြံကုန်း မတ် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ စာဖတ်ရှိန် မြင့်မားရေးနှင့် စာပေကို ချစ်မြတ်နိုး၍ တန်ဖိုးထားတတ်လာစေရန် ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ(၁)နာရီက လူထုအခြေပြု ဗဟိုဌာန(Community Centre) တွင် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် မြို့နယ်ဦးစီးမှူး ဒေါ်နန့်ဆွေနွယ်ဦးက မြန်မာစာပေကို လေးစား တန်ဖိုးထားတတ်လာစေရန်၊ စာဖတ်ခြင်း သက်သက်မဟုတ်ဘဲ စာပေမှရရှိသော အသိပညာ ဗဟုသုတများကို မှတ်သား တတ်စေရန်၊ စာဖတ်ခြင်းစွမ်းရည် တိုးတက်လာစေရန် အသိပညာပေးပြောကြားခဲ့ပြီး စာဖတ်စွမ်းရည်ပြိုင်ပွဲကို ကျင်းပခဲ့သည်။ထို့နောက် စာဖတ်စွမ်းရည်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူများအား အမှတ်တရ ဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းစိုး(ရွှေခြံမြေ)