ပခုက္ကူမြို့နယ် သမဝါယမအသင်းစုနှင့် အလှူရှင်များက ဇီးပင်ကန်ကျေးရွာသို့ရေလှူဒါန်း

ပခုက္ကူ  မတ် ၁၉

ပခုက္ကူမြို့နယ် သမဝါယမအသင်းစုနှင့် အလှူရှင်များက စက်ရေတွင်းပျက်၍ ရေအခက်အခဲဖြစ်နေသော ပခုက္ကူမြို့နယ် ဇီးပင်ကန်ကျေးရွာ ပြည်သူများထံသို့ ယမန်နေ့ ညနေ ၅ နာရီက‌ သောက်သုံးရေလှူဒါန်းခဲ့ကြောင်း သိရသည်။

ပခုက္ကူမြို့နယ် သမဝါယမအသင်းစု မန်နေဂျင်းဒါရိုက်တာ ဒေါ်ဖြူဖြူစံနှင့် ပခုက္ကူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးဒေါ်ဝင်းမေတို့က   စက်ရေတွင်းပျက်၍ ရေခက်ခဲနေသော ပခုက္ကူမြို့နယ် ဇီးပင်ကန်ကျေးရွာသား/ကျေးရွာသူများ အတွက် ရေသန့် (၂၀) လီတာဝင်ဘူး (၅၀) နှင့် သောက်သုံးရေ (၅၁၀၀) ဂါလံတို့ကို လှူဒါန်းပေးခဲ့ကြောင်းသိရသည်။

ကိုတမာ(ပြန်/ဆက်)