ဘားအံ မတ် ၁၂
နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား/သူများ အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရန်နှင့် ပြည်သူ့စာကြည်တိုက်နှင့် ရင်းနှီးကျွမ်းဝင်စေရန်အတွက် ကာယ/ဉာဏစွမ်းရည်ပြိုင်ပွဲများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင် (Community Centre)နှင့် ကလေးစာဖတ်ခန်းတွင် ယမန်နေ့ နံနက်(၁၁)နာရီတွင် ကျင်းပပြုလုပ်ပေးခဲ့သည်။
ရှေးဦးစွာ ဘားအံခရိုင်ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ပိုးကရင်ဘာသာ၊ မြန်မာဘာသာဖြင့် သရုပ်ဖော်ရေးသားထားသော “သွားလည်ကြမယ်” ပုံပြင်စာအုပ်အား စာကြည့်တိုက်မှူး ဒေါ်နော်ဖူးအိအိအောင်မှ ဖတ်ပြခဲ့ပြီး ကျောင်းသား/သူများမှ သရုပ်ဖော်ပြန်လည်ယှဉ်ပြိုင်ခဲ့ကြသည်။ ထို့နောက် ကျောင်းသား/သူများ ကာယစွမ်းရည်ဖွံ့ဖြိုးစေမည့် မီးပြတိုက်ဂိမ်းကစားနည်း၊ ခုံဦးတမ်းကစားနည်းများ ကျင်းပပေးခဲ့ရာ ကျောင်းသား/သူများ ပျော်ရွှင်စွာ ပါဝင်ကစားခဲ့ကြကြောင်း သိရှိရသည်။
ဘားအံခရိုင်(ပြန်/ဆက်)