ညောင်လေးပင် စက်တင်ဘာ ၁၁
၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပထအကြိမ် ကြေညာထားသည့် မဲစာရင်းတွင် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်သည့်လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကာ ပိုမိုပြည့်စုံမှန်ကန်မှုရှိစေရန် စက်တင်ဘာ ၁၀ရက် နံနက်ပိုင်းက မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၌ ပထမအကြိမ် မဲစာရင်းနှင့် ပြင်ဆင်ထားသည်များ စစ်ဆေးလျက်ရှိကြောင်း သိရသည်။
မဲစာရင်းများပြည့် စုံမှန်ကန်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် ရပ်ကျေးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ဒုတိယအကြိမ် မဲစာရင်းများကို စက်တင်ဘာ ၂၀ရက်နေ့တွင် ကြေညာသွားမည်ဖြစ်ကြောင်း၊ ညောင်လေးပင် မြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၆၀၀၄၁ဦးရှိပြီး ရပ်ကွက်/ကျေးရွာအုပ်စု(၆၁)အုပ်စု၌ မဲရုံပေါင်း (၁၅၀)ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ မဲဆန္ဒနယ် အသီးသီးတွင် ပါတီ ကိုးခုနှင့် တစ်သီးပုဂ္ဂလ တစ်ဦးတို့မှ စုစုပေါင်း ကိုယ်စားလှယ်လောင်း ၃၂ဦး ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
သက်လွင်(ညောင်လေးပင်)