ခရမ်း စက်တင်ဘာ ၁၁
ရန်ကုန်တောင်ပိုင်းခရိုင် ၊ ခရမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံမှုများ မရှိစေရေးအတွက် ကြိုတင်ကာကွယ်ဆောင်ရွက်သည့် အနေဖြင့် ရပ်ကွက်နေပြည်သူများအား ကျန်းမာရေးစစ်ဆေး ဆောင်ရွက်ခြင်းများ၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးအသိပညာပေးခြင်း လုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းမှစတင်၍ မြို့ပေါ်ရပ်ကွက်(၁၃)ခုတို့တွင် တာဝန်ရှိသူများက အိမ်တိုင်ရာရောက် ကွင်းဆင်းကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြည်သူများအား ရောဂါပြန့်နှံ့မှုမရှိစေရေးအတွက် ခရမ်းမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ၏ လမ်းညွှန်မှုဖြင့် ရပ်ကွက်/ကျေးရွာများ အတွင်းရှိ လမ်းများအလိုက် ကျန်းမာရေး စစ်ဆေးပေးခြင်းကို နေစဉ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်း ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် နှာခေါင်းစည်း Mask များ စနစ်တကျ တပ်ဆင်၍ သတ်မှတ်အကွာအဝေး ဖြင့် ကိုယ်ပူချိန်တိုင်းတာပေးခြင်း၊ ဖျားနားခြင်း ရှိမရှိ စစ်ဆေးပေးခြင်း၊ ကိုဗစ်- ၁၉ရောဂါ တွေ့ရှိလူနာများနှင့် အနီးကပ်ထိတွေ့မှု ရှိမရှိ (Contact tracing) များအား ကွင်းဆင်းရှာဖွေခြင်းနှင့် မဖြစ်မနေ အပြင်ထွက်မည်ဆိုပါက နှာခေါင်းစည်း Mask များ စနစ်တကျ တပ်ဆင်ပြီးမှသာ သွားလာကြရန်နှင့် ကျန်းမာရေးစစ်ပေးခြင်းကို မြို့နယ်ဒေသန္တရကျန်းမာရေးမှ ဝန်ထမ်းများ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြုအဖွဲ့များ ပရဟိတအဖွဲ့များ ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့များ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုမရှိစေရန် ကျန်းမာရေး စစ်ဆေး ပေးခြင်းနှင့် နေအိမ်ပြင်ပ ထွက်ခွာပါ mask တပ်ဆင်ပြီးမှ သွားလာရန်နှင့် အချိန်နှင့်တစ်ပြေးညီ ကျန်းမာ ရေးနှင့်အားကစား ဝန်ကြီးဌာန၏ နေ့စဉ်ထုတ်ပြန်ချက်များအား သိရှိလိုက်နာစေရေး အသိပညာပေးခြင်းများကို အရှိန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုမင်း(ခရမ်း)