ဒဂုံ စက်တင်ဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ဘုရားကြီး ရပ်ကွက်၌ (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ် ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာလများအတွက် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေအိမ်တိုင်ရာရောက် ပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲ၃နာရီက သက်ကြီးဘိုးဘွား တစ်ဦးချင်း အလိုက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဒေါ်ခင်သွယ်သွယ်ထွဋ်က လိုက်လံပေးအပ်ကြောင်း သိရသည်။
ထောက်ပံ့ငွေ ပေးအပ်ရာတွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လစဉ်နိုင်ငံတော်မှ ကျန်းမာရေး စောင့်ရှောက်မှုအနေဖြင့် တစ်ဦးလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် စတုတ္ထ(၄) လပတ်အတွက် ငွေကျပ်သုံးသောင်း အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)