သုံးခွ၊ စက်တင်ဘာ ၁၂
သုံးခွမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး စားသောက်ဆိုင်များနှင့် လက်ဘက်ရည်ဆိုင်များ ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချခြင်းမရှိဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချလျက်ရှိကြောင်း သိရသည်။
ကိုဗစ် - ၁၉ ရောဂါမဖြစ်ပွားစေရေးအတွက် မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် အမျိုးသားရေး တာဝန်အဖြစ် ကာကွယ်တားဆီးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည့်အပြင် ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် ပြည်သူလူထုမှလိုက်နာဆောင်ရွက်ရန် ပန်ကြားချက်များကိုလည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အချိန်နှင့်တပြေးညီ ထုတ်ပြန်ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုသည် လူစူလူဝေးမှတစ်ဆင့် လျင်မြန်စွာ ကူးစက်နိုင်သဖြင့် လူစုလူဝေးနှင့် လူထူထပ်သောနေရာများကို နေထိုင်သွားလာခြင်းမှ အတတ်နိုင်ဆုံး ရှောင်ကြဉ်ခြင်းဖြင့် ရောဂါကူးစက်မပြန့်ပွားစေရန် ကြိုတင်ကာကွယ်သည့်အနေဖြင့် သုံးခွမြို့နယ်၌ စားသောက်ဆိုင်များ၊ ထမင်းဆိုင်များ၊ လက်ဘက်ရည်ဆိုင်များမှရောင်းချသော အစားအသောက်များအား ဆိုင်ထိုင်စနစ်ဖြင့်ရောင်းချခြင်းမပြုစေဘဲ ပါဆယ်စနစ်ဖြင့် ရောင်းချကြောင်း သိရသည်။
စည်သူလင်း (ပြန်/ဆက်)