ဒဂုံ မတ် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှုအသင်းအဖွဲ့တို့ပူးပေါင်း၍ အမျိုးသမီးများလူနေမှုဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် အိမ်တွင်းလက်မှု အတတ်ပညာဖြင့် ဘဝရပ်တည်နိုင်စေရန် ရည်ရွယ်ချက်တို့ဖြင့် အမျိုးသမီးသုံး ပလတ်စတစ် လက်ဆွဲအိတ် သင်တန်းကို ယနေ့ နံနက် ၁၀ နာရီက ပြည်သူ့စာကြည့်တိုက် ခန်းမ ၌ ဖွင့်လှစ် သင်ကြားပေးကြောင်းသိရသည်။
သင်တန်းတွင် သာကေတမြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ အတွင်းရေးမှူးနည်းပြဆရာမဒေါ်စန်းစန်းနွဲ့က အခကြေးငွေမယူဘဲ ပညာဒါနဖြင့်သင်ကြားပို့ချပေးခြင်းဖြစ်ပြီး သင်တန်းသူများ သိရှိနားလည်စေရန်လက်ဆွဲအိတ်ပြုလုပ်ရာတွင် သိသင့်သိထိုက်သည့်အချက်များကို အသေးစိတ် လက်တွေ့သင်ကြား ပြသပေးသည်။ အဆိုပါသင်တန်းတွင် သင်တန်းသူ(၁၅)ဦးတို့ တက်ရောက်သင်ကြားကြောင်းသိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)