ခရမ်းမြို့နယ် မီးသတ်စခန်းသစ် ပန္နက်တင် အခမ်းအနား ကျင်းပ

ခရမ်း  မတ်  ၁၉

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်မီးသတ်ဦးစီးဌာန၏ မြို့နယ်မီးသတ်စခန်းသစ် ပန္နက်တင် အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်မီးသတ်ဦးစီးဌာန တွင်ကျင်းပခဲ့သည်။

အခမ်းအနားသို့ ခရမ်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှတိုး၊ ဦးသိန်းဇော်လတ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဆန်းထွန်း၊ ရန်ကုန်တောင်ပိုင်းခရိုင် မီးသတ်ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးနှင့် ခရမ်းမြို့နယ် မြို့မိမြို့ဖဥက္ကဋ္ဌ ဦးမြင့်လှိုင်တို့က မြို့နယ် မီးသတ်စခန်းသစ်အား ပန္နက်ရိုက်ပေးခဲ့ကြကြောင်း နှင့်အဆိုပါမြို့နယ် မီးသတ်စခန်းသစ်ကို (TRUSTY GROUP MYANMAR CO.LTD.) မှ တည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။

ကိုမင်း (ခရမ်း)