ရန်ကုန် မတ် ၁၂
ရန်ကုန်အနောက်ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကာတွန်းပညာရှင်များ ပူးပေါင်းစီစဉ်၍ ကလေးများအတွက် နွေရာသီကာတွန်းအခြေခံသင်တန်းကို ယနေ့နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန(ဗဟန်း) (Community Centre) ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဗဟန်းမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးကိုကိုလေးက သင်တန်းဖွင့်အမှာစကား ပြောကြားပြီး ကာတွန်းပညာရှင်များဖြစ်ကြသော ဦးပစ်တိုင်းထောင်၊ ဦးဆန်းလင်းတို့က သင်တန်းဖွင့်ရခြင်း ရည်ရွယ်ချင်နှင့် အကျိုးကျေးဇူးများကို လည်းကောင်း၊ ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခိုင်ဖြိုးလင်းက သင်တန်း၏ စည်းကမ်းချက်များကိုလည်းကောင်း အသီးသီး ရှင်းလင်းပြောကြားသည်။
အဆိုပါ သင်တန်းကို ယနေ့မှစ၍ တစ်လ အခမဲ့သင်ကြားမည်ဖြစ်ပြီး တက်ရောက်သူဦးရေ (၅၀)ဦး ရှိကြောင်း သိရှိရသည်။
အောင်မြင့်(ပြန်/ဆက်)