မော်လိုက်မြို့ လူထုအခြေပြုဗဟိုဌာန၌ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်ပြပွဲ ကျင်းပ

မော်လိုက်  မတ်  ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်ရေး အသိပညာများကို သိရှိနားလည်စေရေးအတွက် အသိပညာပေးဟောပြောပွဲနှင့် စာအုပ်ပြပွဲကို ယနေ့မွန်းလွဲ ၁ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းဦးခမ်းက ကိုရိုနာဗိုင်းရပ်(စ်)အကြောင်း သိကောင်းစရာများ၊ ရောဂါလက္ခဏာများ၊ ရောဂါ မဖြစ်ပွားအောင် ကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ သံသယဖြစ်ပါက နီးစပ်ရာဆေးရုံ၊ ဆေးပေးခန်းများသို့ အမြန်ဆုံးသွားရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုများခံယူကြရန် အသိပညာပေးဟော ပြောခဲ့ကြ သည်။

ယင်းနောက် တက်ရောက်လာကြသည့် ရပ်ကွက်/ကျေးရွာများမှ အမျိုးသမီးငယ်များက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် စာအုပ်စာစောင်များအား ကြည့်ရှုခဲ့ကြပြီး စာအုပ်စာစောင်များ ငှားရမ်းခဲ့ကြကြောင်း သိရသည်။

မော်လိုက်သားလေး