ရှမ်းရွာသစ်မြို့၌ နွေရာသီကျောင်းပိတ်ရက် ကျောင်းသား/ကျောင်းသူများ ပျော်ရွှင်စရာပြိုင်ပွဲများပြုလုပ်

ရှမ်းရွာသစ်    မတ်  ၁၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ကျောင်းသား/ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်တွင် စာကြည့်တိုက်သို့ လာရောက်၍ စာအုပ်စာစောင်များ ငှားရမ်းစေရန်၊ အသိပညာ ဗဟုသုတများ ရရှိစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန် ရည်ရွယ်၍ စာဖတ်စွမ်းရည် ပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာနရှိ (Community Centre)ခန်းမနှင့် ကလေးစာဖတ်ခန်းတွင် ယနေ့နံနက် (၁၀)နာရီအချိန်က ပြုလုပ်ခဲ့သည်။

အဆိုပါ ပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးအေးနွဲ့ က ကျောင်းသားလူငယ်များ၏ စာဖတ်စွမ်းရည်ရရှိတဲ့ အကျိုးကျေးဇူးများ၊ ပြိုင်ပွဲ၏စည်းမျဉ်း စည်းကမ်းနှင့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ စာဖတ် စွမ်းရည်ပြိုင်ပွဲတွင် ကျောင်းသား/သူ (၁၆)ဦးနှင့် ပုံပြင်ပြောပြိုင်ပွဲတွင် ကျောင်းသား/ကျောင်းသူ (၁၈)ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဝေဠု (ပြန်/ဆက်)