တောင်ငူ စက်တင်ဘာ ၁၄
တောင်ငူ၌ ဒေသခံပြည်သူများ၊ ခရီးသွားပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်ရေးအတွက် အသိပညာပေး နံရံကပ်စာစောင်ကို ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန တောင်ငူ ခရိုင်ရုံးရှေ့ရှိ မြေစိုက်နံရံကပ်ပြဘုတ်နဲ့ ပြသထားကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် နေအိမ်ပြင်ပသို့ ထွက်ခွာတိုင်း နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်ကျရန်၊ လက်ကို မကြာခဏဆေးကြောသန့်စင်ကြရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေကြရန် စသည့်အချက်များအပါအဝင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ လမ်းညွှန်ချက်များအား ပြသထားရှိပြီး သတိပေးနှိုးဆော်ချက်များ ပါဝင်သည့် မြေစိုက် နံရံကပ်ပြဘုတ်ကို ဒေသခံပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးအတွက် ပြသဆောင်ရွက် ထားကြောင်း သိရသည်။
ဇော်ထက် (တောင်ငူ)