မြောက်ဥက္ကလာပမြို့နယ်၌ FDA မှ တားမြစ်ထားသောဆေးဝါးများ ရောင်းချမှု ရှိ/မရှိ စစ်ဆေး

မြောက်ဥက္ကလာပ  မတ်  ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့် တာဝန်ရှိသူများ ပူးပေါင်းသောအဖွဲ့သည် ယမန်နေ့ မွန်းလွဲ ၁ နာရီက ​မြို့နယ်အတွင်းရှိ ဆေးမျိုးစုံဆိုင်များတွင် FDA မှတားမြစ်ထား‌သော  ဆေးဝါးများ ရောင်းချမှု ရှိ/မရှိ ကို ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြန်မာနိုင်ငံ အစား အသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာနတို့မှ တာဝန်ရှိသူ ဝန်ထမ်းများ ပူးပေါင်းပါဝင်သော အဖွဲ့မှ  ဆေးမျိုးစုံဆိုင်များအား ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး  တားမြစ်ထားသော ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများနှင့် ပတ်သက်၍ အသိပညာပေး ရှင်းလင်းခဲ့ကြကြောင်း သိရသည်။

မြမြဝင်း (ပြန်/ဆက်)