ချောင်းဦး မတ် ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် ရွှေလှေကျေးရွာ၌ ကျေးရွာကုန်ထုတ် လမ်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ယနေ့ နံနက်(၉)နာရီက ရွှေလှေကျေးရွာတွင် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဆန်း ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ချောင်းဦးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်း က လုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်စံချိန် စံညွှန်းအတိုင်းလုပ်ငန်းအဆင့်ဆင့် အလိုက် ဆောင်ရွက် သွားကြရန်နှင့် တစ်ချို့နေရာများ တွင် ရေပြွန်တပ်ဆင်ခြင်းများ ဆောင်ရွက်သွားရန် ညွှန်ကြားခဲ့ပြီး ရွှေလှေကျေးရွာ လမ်းကြီးကြပ်မှု ကော်မတီများအား လုပ်ငန်းများအဆင်ပြေ ချောမွေ့စွာ ပြီးစီးနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးကြပါရန်နှင့် လုပ်ငန်းပြီးစီးပါက လမ်းရေရှည် အသုံးပြုနိုင်ရေးအတွက် ဝိုင်း၀န်းထိန်းသိမ်းပေးကြပါရန် ဆွေးနွေး ပြောကြား ခဲ့သည်။
ချောင်းဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းခွင့်ပြုငွေဖြင့် ဆောင်ရွက်သည့် ရွှေလှေကျေးရွာ ကုန်ထုတ်လမ်းသည် မြေသား တာဘောင်တင် ဂျင်းခင်းခြင်း (၁/၆မိုင်×၁၂'-၀"×၂'-၉") လုပ်ငန်း ဖြစ်ပြီး တင်ဒါ အောင်မြင်ခဲ့သည့် Royal Zay ကုမ္ပဏီမှတာဝန်ယူဆောင်ရွက်မည် ဖြစ်ကြောင်း၊ လုပ်ငန်းအားလုံးသတ်မှတ် စံချိန်စံညွှန်း ပြည့်မီရေးနှင့် သတ်မှတ်ချိန်အတွင်း အချိန်မီပြီးစီးရေး အတွက် ဌာနမှကြီးကြပ်ဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း၊ ကုန်ထုတ်လမ်း ဆောင်ရွက်ပြီးစီးပါက ရွှေလှေကျေးရွာ၊ ရွှေကျင်ကျေးရွာ၊ သုံးပန်လှကျေးရွာနှင့် အခြား နီးစပ်ကျေးရွာမှ တောင်သူများ၏ ထွက်ကုန် သီးနှံများကို အချိန်တိုအတွင်း ကုန်ကျစရိတ် နည်းပါးစွာဖြင့် သယ်ယူနိုင်မည်ဖြစ်ကြောင်း၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူး ဒေါ်ခင်စိုး၀င်း က ပြောပြခဲ့သည်။
ကွင်းဆင်းကြည့်ရှုရာသို့ ချောင်းဦးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်း ၊ ချောင်းဦးမြို့နယ် အထွေေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဘော်၊ မြို့နယ် စိုက်ပျိုးရေး ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦး၊ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးမှူး ဒေါ်ခင်စိုး၀င်းနှင့် ၀န်ထမ်းများ၊ တင်ဒါ အောင်မြင် ခဲ့သည့် Royal Zay ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ရွှေလှေကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာ လမ်းကြီးကြပ်မှု ကော်မတီ၀င်များ၊ ကျေးရွာတောင်သူဦးကြီးများ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
အိအိအောင်(ချောင်းဦး)