ကြို့ပင်ကောက် မတ် ၁၄
သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးမှ ကျေးလက်ဒေသ မီးစလင်းရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော ကျေးရွာလေးရွာတွင် အများပြည်သူ သုံး ဆိုလာမီးလင်းရေးလုပ်ငန်းများကို ဇန်နဝါရီလက ရာနှုန်းပြည့်တပ်ဆင်ပြီးစီးခဲ့ကြောင်း သိရသည်။
စစ်တောကျေးရွာတွင် အမကကျောင်း၊ ဘုန်းတော်ကြီးကျောင်းနှင့် လမ်းမီးတိုင်(၄)တိုင်၊ အညှာတန်း ကျေးရွာတွင် အမကကျောင်း၊ ဘုန်းတော်ကြီးကျောင်းနှင့် လမ်းမီးတိုင်(၃)တိုင်၊ စစ်ကုန်း(၂)ကျေးရွာ တွင် အမကကျောင်း၊ ဘုန်းတော်ကြီးကျောင်းနှင့် လမ်းမီးတိုင်(၈)တိုင်၊ သခွပ်ပင်ကျေးရွာတွင် အလကကျောင်း၊ ကျေးလက်ဆေးပေးခန်း၊ ဘုန်းတော်ကြီးကျောင်းနှင့် လမ်းမီးတိုင် (၂၅)တိုင်တို့ကို တပ်ဆင်ပေးခဲ့ပြီး ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံမှသိရသည်။
အဆိုပါကျေးရွာလေးရွာတွင် ၂၀၁၈ ခုနှစ်က အိမ်ထောင်စုသုံး ဆိုလာမီးလင်းရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ယခု ၂၀၂၀ ခုနှစ်တွင် အများပြည်သူသုံး ဆိုလာမီးလင်ရေးလုပ်ငန်း များကို ဆက်လက် ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ကြောင်း ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်း၊ ဆေးပေးခန်း ဆိုလာစနစ်တစ်ခုချင်းစီအတွက် ငွေကျပ်သိန်း ၄၀ ကျော်ကုန်ကျပြီး လမ်းမီးတိုင်တစ်တိုင်လျင် ငွေကျပ် ၈ သိန်းကျော် ကုန်ကျခဲ့ ကြောင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)