စလင်း စက်တင်ဘာ ၁၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်နယ်နှင့်ဆင်ဖြူကျွန်း မြို့မစျေးအတွင်းအပြင် ရောင်းချလျက်ရှိသော မုန့်ဆိုင်ကုန်စုံဆိုင်များအား စားသုံးသူရေးရာဦးစီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကိုက်ညီမှုမရှိသော (117) အမှတ် တံဆိပ်ပါသစ်သီးယိုစုံ (Benzoic Acid Sodium Cyclamate) သတ်မှတ်ပမာဏထက်ကျော်လွန်သောဏ သစ်သီးယီုစုံများ စျေးကွက်အတွင်း လက်ကျန်ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နေ့နံနက်ပိုင်းက စည်ပင်သာယာစျေးဝန်ထမ်းများနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
စလင်းမြို့နယ်နှင့် ဆင်ဖြူကျွန်းမြိုမစျေးအတွင်းအပြင် ရောင်းချလျက်ရှိသော ကုန်စုံဆိုင်မုန့်ဆိုင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ ခွင့်ပြုချက်မရှိဘဲ တရားမဝင်ရောင်းချလျက်ရှိသော အစားအသောက် (117)အမှတ်တံဆိပ်ပါ သစ်သီးယိုစုံ (၅)မျိုးအား စားသုံးရန်မသင့်ဟုစစ်ဆေးတွေ့ရှိရသည့် အမျိုးအစားသစ်သီးယိုစုံများမှာ (၁) မက်မန်းယို ရွှေအုပ်အမှတ်တံဆိပ်ဖြင့် ချောက်မြို့၊ (၂) ဆီးယို ကောင်းဟိန်းအမှတ် တံဆိပ်ဖြင့် ချောက်မြို့၊ (၃) မက်မန်းသီးအနီဘုရင်မအမှတ်တံဆိပ်ဖြင့် ချောက်မြို့၊ (၄) မန်ကျည်းဖလိတ် ရုပ်ပုံပါအမှတ်တံဆိပ်ဖြင့် ဆိပ်ဖြူမြို့၊ (၅) သရက်ယို 123 အမှတ်တံဆိပ်ဖြင့် ဆိပ်ဖြူမြို့များတွင် ရောင်းချစစ်ဆေးတွေ့ရှိရသည့်အတွက် ကျန်းမာရေးညွှန်ကြားချက်များနှင့်မညီညွတ်သည့် ကုန်ပစ္စည်းများ၊ အစားအသောက်များ သတ်မှတ်ပမာဏထက် ကျော်လွန်အသုံးပြုသည့် ဓာတုဆေးဝါးများပါရှိသည့် အစားအသောက်များရောင်းချရန်မသင့်၍ စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်းတွေ့ရှိပါက ဥပဒေများနှင့်အညီဆောင်ရွက်မည်ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးမှ စျေးရောင်းချသူများ စျေးဆိုင်ပိုင်ရှင်များအား ကျန်းမာရေးဘေးထွက်ဆိုးကျိုးများရှိနေခြင်း၊ ကျန်းမာရေးထိခိုက်မှုရှိခြင်းတို့ကြောင့် ပြည်သူအများ၏ ကျန်းမာရေးထိခိုက်မှုမရှိစေရန်နှင့် စျေးကွက်အတွင်းရောင်းချခြင်း လက်ကျန်မရှိစေရန် မိမိတို့စလင်းမြို့အတွင်း တစ်ခြားမြို့များနည်းတူ မတွေ့ရှိအောင် ရောင်းချခြင်းများမရှိအောင် အခုလိုကွင်းဆင်းစစ်ဆေးရခြင်းဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ သိရှိရသည်။
မောင်လွင်(စလင်း)