ဆော မတ် ၁၄
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အီတလီချေးငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း၊ စတုတ္ထနှစ်စက်ဝန်း) ကျေးရွာများဖြစ်သော သီးကုန်းကျေးရွာနှင့် တောင်ဘို့ကြီးကျေးရွာသို့ ပြင်ပစာရင်းစစ် BOD Cambodia အဖွဲ့မှ Mr.Phan Darasy နှင့် ဒေါ်နန်းနှင်းသက်ထွေးတို့သည် ယမန်နေ့က ဝယ်ယူရေး၊ ဘဏ္ဍာရေးစီမံကိန်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့် မှတ်တမ်းဖိုင်ထားရှိမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြသည်။
အဆိုပါ စာရင်းစစ်ကွင်းဆင်း စစ်ဆေးခြင်းအစီအစဉ်တွင် နေပြည်တော် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ရုံးချုပ်မှ ဒုတိယညွှန်ကြားရေးမှူး ဦးတင်ဦး၊ ဆောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြစန်းလင်းနှင့် ဝန်ထမ်းများ၊ ဆောမြို့နယ် လူထုဗဟိုပြုစီမံကိန်း စီမံကိန်းတာဝန်ခံများ၊ နည်းပညာ အကြံပေးအဖွဲ့များ၊ ကျေးရွာစီမံကိန်း အထောက်အကူပြုကော်မတီဝင်များနှင့် ကျေးရွာ လူထုများ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇော်မျိုးသန့်(ဆော-ပြန်/ဆက်)