မိုးညိုမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်(စ်) ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်

မိုးညို  မတ်  ၁၉

ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်(စ်) အဆုတ်ရောင်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ် ဆရာဝန်ကြီး ဒေါက်တာကျော်မိုး၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးမှူးများ၊ ကျန်းမာရေးဆရာ/ ဆရာမများက ယနေ့နံနက် ၈ နာရီက ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးနှင့် စည်ပင်သာယာ စျေးအတွင်းတို့၌ လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်း၊ အများပြည်သူမြင်နိုင်သော နေရာများတွင် စတေကာများ ကပ်ပေးခြင်းနှင့် ကိုရိုနာ ဗိုင်းရပ်(စ်) ကြိုတင်ကာကွယ်ရေး အသိပညာပေး ပြောကြားခြင်းအား ဆောင်းဘောက်(စ်) ဖွင့်လှစ်ပေးခြင်း များ ဆောင်ရွက်ခဲ့သည်။

အဆိုပါ စတေကာများတွင် ရောဂါကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများ၊ ကာကွယ်နိုင်မည့်နည်းလမ်းများပါဝင်ပြီး၊ လက်ကမ်းစာစောင်တွင် ရောဂါကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများ၊ ကာကွယ်နိုင်မည့် နည်းလမ်းများ၊ သင်နှင့်မိသားစုအား ကိုရိုနာဗိုင်းရပ်(စ်) ကူးစက်မှု အန္တရာယ်မှ ကာကွယ်ပါ၊ အဓိကဖြစ်ပွားတက်သော ရောဂါလက္ခဏာများ၊ ခရီးသွားရာအတွက် ကျန်းမာရေး ဆိုင်ရာ သတိပေးချက်၊ သင့်မိသားစု ကျန်းမာရေး စနစ်တကျ လက်ဆေးပေး၊ နှာခေါင်းစည်း Maskကို အသုံးပြုရာတွင် လိုက်နာရမည့် အချက်များ ပါဝင်ပြီး ကိုရိုနာ ဗိုင်းရပ်(စ်) ကြိုတင် ကာကွယ်ရေးအသိပညာပေး ပြောကြားခြင်းအား ဆောင်းဘောက်(စ်) ဖွင့်လှစ်၍ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုမင်း(မိုးညို)