တောင်ငူ၌ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်များ မြေစိုက်နံရံကပ်ပြဘုတ်၌ ပြသ

တောင်ငူ စက်တင်ဘာ ၁၆

၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၁၆ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် အိုဇုန်းလွှာကာကွယ်ထိန်းသိမ်းရေးဆိုင်ရာ သိကောင်းစရာများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်ငူခရိုင် မြေစိုက်နံရံကပ်ပြဘုတ်၌ အများပြည်သူများ သိရှိလေ့လာမှတ်သားနိုင်ရန် ယနေ့နံနက်ပိုင်းက ပြသထားရှိကြောင်း သိရှိရသည်။

အဆိုပါ အသိပညာပေးနံရံကပ်စာစောင်၌ အိုဇုန်းလွှာကို ထိခိုက်ပျက်စီးစေသောဒြပ်ပစ္စည်းများ ၊ အိုဇုန်းလွှာနှင့် ခရမ်းလွန်ရောင်ခြည် ၊ အိုဇုန်းလွှာပျက်စီးခြင်း၏ အကျိုးသက်ရောက်မှုများ၊ အိုဇုန်းလွှာကို ထိခိုက်ပျက်စီးစေသော အအေးပေးဒြပ်ပစ္စည်းများ ၊ အိုဇုန်းလွှာကို ထိခိုက်ပျက်စီးခြင်း၏ ဆိုးကျိုးသက်ရောက်မှုများ ၊ ပတ်ဝန်းကျင်နှင့် ဘေးကင်းလုံခြုံမှုကို ထည့်သွင်းစဥ်းစားခြင်းဆိုင်ရာများ စသည့် အချက်များအပါအဝင် ဆောင်ရန် ရှောင်ရန် အချက်များ ပါထည့်သွင်းဖော်ပြထားရှိပြီး လမ်းသွား လမ်းလာအများ ပြည်သူများ လေ့လာမှတ်သားနိုင်ရန် ပြသထားရှိကြောင်း သိရသည်။

ဇော်ထက် (တောင်ငူ)