အင်းစိန်မြို့နယ်၌ စာကြည့်တိုက် အလုပ်ရုံဆွေးနွေးပွဲ ဖွင့်လှစ်သင်ကြားလျက်ရှိ

ရန်ကုန်  မတ်  ၁၅

ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ စာဖတ်သည့် အလေ့အထကောင်းများ ရရှိစေရန်၊ စာငှား/စာဖတ်စနစ် မှန်ကန်တိကျစေရန်နှင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ စာကြည့်တိုက်အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာနတွင် ဖွင့်လှစ်သင်ကြားလျက်ရှိသည်။

အဆိုပါ သင်တန်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်းရှိ ခရိုင်ဦးစီးမှူးနှင့် မြို့နယ်ဦးစီးမှူးများမှ သင်ကြားပို့ချခဲ့ရာ အင်းစိန်မြို့နယ်အတွင်းရှိ ကျောင်းများ၊ မူကြိုကျောင်းမှ ဆရာ၊ ဆရာမများနှင့် ရပ်/ကျေး စာကြည့်တိုက်မှူးများ သင်တန်းသား၊ သင်တန်းသူ(၃၀)ဦး တက်ရောက် ခဲ့ကြကြောင်း သိရသည်။

မျိုးသန့်၊ဇွဲထက်ကို(ပြန်/ဆက်)