ကြို့ပင်ကောက်မြို့တွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့လှုပ်ရှားမှုဆောင်ရွက်

ကြို့ပင်ကောက်  မတ်  ၁၅

မတ်လ(၁၅)ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အဖြစ် သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်တွင်  ကမ္ဘာ့စားသုံးသူအခွင့်အ‌ရေးများနေ့ (WCRD Campaign) လှုပ်ရှားမှုအဖြစ် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို မြို့မစည်ပင်သာယာဈေးနှင့် လူစည်ကားရာနေရာများတွင် ယနေ့ နံနက် ၉ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

အဆိုပါ လှုပ်ရှားမှုတွင် သာယာဝတီခရိုင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်တာဝန်ခံ ဦးအောင်သိန်း၊ နတ်တလင်းမြို့နယ် စာသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးမြတ်မျိုးလွင်၊ ဇီးကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်တင်တင်ဆွေတို့က ကြို့ပင်ကောက်မြို့နယ် စားသုံးသူ ရေးရာဦးစီးဌာန ဝန်ထမ်းများနှင့်ပူပေါင်းကာ ဆောင်ရွက်ခဲ့ကြသည်။

ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် စားသုံးသူအရေးစဉ်ဆက်မပြတ် ဆောင်ရွက်ပေးဆိုသည့်ဆောင်ပုဒ်အတိုင်း ဒေသခံပြည်သူများ သွားလာလှုပ်ရှားမှု အများဆုံးဖြစ်သည့် စည်ပင်သာယာ ဈေးများနှင့် ကားဂိတ်များတွင် သွားလာလှုပ်ရှားကြသည့် ဒေသခံပြည်သူများ စားသုံးသူဆိုင်ရာ အခွင့်အရေးများကို သိရှိနားလည်သွားစေရန်အတွက် ယခုလှုပ်ရှားမှုကို ဆောင်ရွက်ရခြင်းဖြစ် ကြောင်း မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်ရီရီရှိန်က ပြောကြားခဲ့သည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)