ကျောက်ကြီး မတ် ၁၆
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် ကျွန်းပင်ဆိပ်ကျေးရွာ ရွှေဘုန်းဘက်စုံသုံးခန်းမဆောင်၌ ယမန်နေ့ ညနေ ၃ နာရီတွင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန တောင်ငူခရိုင်ရုံး ဦးစီးအရာရှိ ဦးအာကာကိုကို ဦးဆောင်ပြီး ဌာနရုံးဝန်ထမ်းများက ယမန်နေ့ နံနက် ၁ နာရီတွင် ကျွန်းပင်ဆိပ်ကျေးရွာရှိ မီးလောင်ဆုံးရှုံးသွားသည့် အိမ်ထောင်စုဝင်(၄)စု၊ လူဦးရေ(၂၃)ဦးအား ဆန်းနှင့်အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၅၄၈၃၀၀)သိန်း၊ ပစ္စည်း(၁၉)မျိုးပါ ဘူးများအား တိုင်းဒေသကြီး အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးစည်သူလွင်၊ ကျောက်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူတို့က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Kခိုင်ပြန်/ဆက်