ကောလင်း မတ် ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်ရှိ ခမောက်တောင်တော်(၇၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကို နှစ်စဉ် တပေါင်းလပြည့်ကျော် ၇ရက်နေ့ (မတ်လ၁၅ရက်နေ့မှ ၁၁ရက်နေ့) အထိ ကျင်းပမြဲဖြစ်ရာ လတ်တလော ဖြစ်ပွားလျက်ရှိသော(ကိုရိုနာဗိုင်းရပ်) ကူးစက်ရောဂါ မဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်သည့်အနေဖြင့် မြို့နယ်သံဃနာယက ဆရာတော်များ၊ အုပ်စု သံဃနာယကဆရာတော်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ရှိ ရပ်မိ/ရပ်ဖနှင့် ခမောက်တောင်တော် ဂေါပကလူကြီးမင်းများ အားလုံးစုံညီ ညှိနှိုင်း တိုင်ပင်ချက်အရ ဘုရားပွဲတော်ရက်အား ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။
မြင့်ထွန်းမင်း(ပြန်/ဆက်)