နန်းယွန်းမြို့တွင်းလမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်နိုင်ရေး မြေပြင်ကွင်းဆင်း

နန်းယွန်း မတ် ၁၆

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေဖြင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊  နန်းယွန်းမြို့တွင်း လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက် နိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းတွင် လမ်းအထူး(၁၉) အဖွဲ့က မြေပြင် ကွင်းဆင်း တိုင်းထွာလျက် ရှိကြောင်း သိရသည်။

အဆိုပါ လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းမှာ ယခင်ကတ္တရာလမ်းအပေါ်တွင် ကွန်ကရစ် ထပ်ခင်းခြင်း လုပ်ငန်းဖြစ်ပြီး လမ်းအကျယ်(၁၈)ပေ၊ (၉)လက်မထုခင်းခြင်းဖြစ်၍ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် လမ်းအရှည်(၁)မိုင်မှ (၃)မိုင်အထိ ဆောင်ရွက်နိုင်ရေး မြေပြင်ကွင်းဆင်းလျက်ရှိကြောင်း လမ်းအထူး(၁၉)အဖွဲ့၊ ဦးစီးအရာရှိဦးဂင်ခန့်ပေါင်ထံမှ သိရသည်။

ဟန်ကမ်(ပြန်/ဆက်)