ထီးလင်း မတ် ၁၉
မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးထင်အောင်သည် ယမန်နေ့ မွန်းတည့် ၁၂ နာရီက ဂန့်ဂေါခရိုင် ထီးလင်းမြို့ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ရုံး၌ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
ယင်းသို့တွေ့ဆုံရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဘွေကီးအောင်က ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု အခြေအနေများကိုဖြင့် ရှင်းလင်း တင်ပြရာ ညွှန်ကြားရေးမှူးက လုပ်ငန်းလိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေး မှာကြားသည်။
ထို့နောက် ညွှန်ကြားရေးမှူးသည် ကျပ်(၁၀)သန်းနှင့်အထက် လုပ်ငန်းများအောင်မြင်သည့် ကုမ္ပဏီများမှ ပစ္စည်းများတင်ပို့မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဘွေကီးအောင်နှင့် တာဝန်ခံအင်ဂျင်နီယာ ဦးမျိုးမြင့်တို့က လိုက်လံပြသ ရှင်းလင်းခဲ့ကြပြီး ညွှန်ကြားရေးမှူးက လုပ်ငန်းလိုအပ်ချက်များ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
အောင်စည်(ပြန်/ဆက်)