စုကလိ မတ် ၁၆
ကရင်ပြည်နယ် မြဝတီခရိုင် စုကလိမြို့ ပြည်သူ့စာကြည့်တိုက် (Community Center) တွင် COVID-19 ကိုရိုနာဗိုင်းရပ်(စ်) အသိပညာပေးနှင့် လက်ဆေးနည်းသရုပ်ပြခြင်းများအား ယနေ့ နံနက် (၁၀) နာရီ အချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောရာတွင် COVID-19 ကိုရိုနာဗိုင်းရပ်(စ်) အသိပညာပေးအား စုကလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်တာဝန်ခံ ဒေါ်ပိုပိုအောင်မှ ဟောပြောပေးခဲ့ပြီး စုကလိမြို့ ကျန်းမာရေးတာဝန်ခံ ဦးတင်ဝင်းအောင်မှ လက်ဆေးနည်း သရုပ်ပြခြင်းတို့အား Hand Gel ဖြင့် ဆေးကြောနည်းများနှင့် သန့်ရှင်းစွာ ဆေးကြောတက်စေရန် လက်တွေ့သရုပ်ပြခြင်း လူထူထပ်သောနေရာများသို့ သွားလာရာတွင် masks များ တပ်ဆင်၍ သွားလာစေလိုကြောင်းနှင့် ရေခဏခဏသောက်ပေးရန်တို့အား ဟောပြောသရုပ်ပြသပေးခဲ့သည်။
အဆိုပါအသိပညာပေးဆောင်ရွက်မှုအား ကျေးရွာနေပြည်သူများ စိတ်ပါဝင်စားစွာ နားထောင်ပေးခဲ့ပြီး လက်ဆေးနည်း ကျန်းမာရေး အသိပညာများအား အပြန်အလှန် ဆွေးနွေးပေးခဲ့ကြောင်း သိရှိရသည်။
ပိုပိုအောင်