ဂန့်ဂေါ မတ် ၁၆
ဂန့်ဂေါခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ (COVID-19) ကြောင့် ဖြစ်ပွားတတ်သောအဆုတ်ရောင်ရောဂါအကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီက ပြုလုပ်သည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးစိုးမြင့်က (COVID-19) စတင်ဖြစ်ပေါ်လာပုံနှင့် ရောဂါဖြစ်ပွားမှုကို ကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ မိမိတို့ပတ်ဝန်းကျင်တွင် သံသယဖြစ်ဖွယ်လူနာများတွေ့ရှိပါက ကျန်းမာရေးဌာနသို့အကြောင်းကြားရန်၊ နှာချေ၊ ချောင်းဆိုးသည့်အခါ တစ်ရှူးကိုအသုံးပြုပါက အမှိုက်ပုံးထဲသို့ စနစ်တကျလွှင့်ပစ်ပါ၊ တိရစ္ဆာန်များနှင့် အကာအကွယ်မရှိဘဲ တိုက်ရိုက်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ၊ လူစည်ကားရာနေရာများသွားရောက်ပါက ဆောင်ရန်၊ ရှောင်ရန်များ၊ မှန်ကန်ထိရောက်သည့် လက်ဆေးခြင်းနည်းစနစ်ကို သေချာစွာအသုံးပြုရန် အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် တက်ရောက်လာသည့်ကျောင်းသား/ကျောင်းသူ ၃၀ ဦးကျော်က (COVID-19) ကူးစက်ခြင်းမှ ကာကွယ်ရေးနည်းလမ်းများ၊ ဆောင်ရန်/ရှောင်ရန်များကို စိတ်ပါဝင်စားစွာနားထောင်ခဲ့ကြောင်းသိရသည်။
ထင်အောင်နိုင်(ပြန်ဆက်)