စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များသို့ Outdoor Fitness အားကစားပစ္စည်းများ ဖြန့်ဝေပေးနိုင်ရန် စီစဉ်လျက်ရှိ

မုံရွာ မတ် ၁၆

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၃၇)မြို့နယ်သို့ Outdoor Fitness အားကစားပစ္စည်းများ  ဖြန့်ဝေပေးနိုင်ရန်အတွက် စီစဉ်လျက်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းအောင်ထံမှ သိရသည်။

 “Outdoor Fitness အားကစားပစ္စည်းတွေကို အရင်က ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ အစီအစဉ်နဲ့ ဖြန့်ဝေပေးခဲ့တာ အခုဘဏ္ဍာရေးနှစ်မှ တိုင်းဒေသကြီးအစိုးရရဲ့အစီအစဉ်နဲ့ ဖြန့်ဝေပေးတာဖြစ်တယ်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းခရီးစဉ်တွေမှာ သက်ဆိုင်ရာမြို့နယ်က တာဝန်ရှိသူတွေ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ တင်ပြတောင်းဆိုမှုအပေါ်မူတည်ပြီး ဖြန့်ဝေပေးနိုင်ဖို့ ကျွန်တော်တို့စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ စုဆောင်းထားပါတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးသန်းအောင်က ပြောသည်။      

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေမှ ငွေကျပ် (၇၃)သန်း တန်ဘိုးရှိ Outdoor Fitness အားကစားပစ္စည်း အစုံ(၁၀၀)အား စုဆောင်းထားကြောင်းနှင့် ယခုလက်ရှိတွင် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များသို့ Outdoor Fitness အားကစားပစ္စည်း (၂၅၈)စုံအား ပြည်ထောင်စုအစိုးရ၏ အစီအစဉ်ဖြင့် တပ်ဆင်ပေးထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။

ဝင်းဦး(ဇေယျာတိုင်း)