လဟယ် မတ် ၁၆
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် Covid-19 ရောဂါနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်ရေးအသိပညာပေးလုပ်ငန်းကို ယနေ့နံနက်က မြို့ပေါ်ရပ်ကွက်၊ စည်ပင်သာယာဈေး၊ လမ်းဆုံနှင့်လက်ဖက်ရည်ဆိုင်တို့၌ နှာခေါင်းစည်း တပ်ဆင်ပုံ၊ လက်ဆေးခြင်းလက်တွေ့ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးလုပ်ငန်းတွင် တိုင်းပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာဝင်းလွင်၊ ကူးစက်ရောဂါ ကြီးကြပ်ကွပ်ကဲရေး ဒေါက်တာကျော်သူဆွေ၊ ခန္တီးခရိုင်ပြည်သူ့ဆေးရုံက သမားတော် ဒေါက်တာကျော်သီဟ၊ ကျန်းမာရေးမှူး ဒေါ်ဆွီးနွာမ်၊ လဟယ်မြို့နယ် ဆရာဝန် ဒေါက်တာ သက်ဇင်အောင်၊ မြို့နယ်သွားဘက်ဆိုင်ရာဆရာဝန် ဒေါက်တာဇော်ဇော်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများလိုက်ပါ၍ အသိပညာပေး လုပ်ငန်း ဆောင်ရွက်ခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ လက်ဝယ်ရောက် ဖြန့်ဝေခဲ့ကြောင်း သိရသည်။
စနေမောင်မောင်(ခန္တီး)