ကန့်ဘလူ မတ် ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံး အဆောက်အဦသစ်ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘတ်ဂျက် ငွေကျပ် ၁၆၃ ဒသမ ၂၀ သန်းဖြင့် ဌာနမှတာဝန်ယူ၍ ယခုနှစ်ဇန်နဝါရီ ၁ ရက်ကစတင် ဆောက်လုပ်ခဲ့ရာ ယခုအခါ ၈၆ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အငယ်တန်း အင်ဂျင်နီယာ(၂)(မြို့ပြ)ဒေါ်မေဇော်ဦးက ပြောသည်။
ဆောက်လုပ်နေသော ရုံးအဆောက်အဦသစ်မှာ အလျားပေ ၈၅၊ အနံပေ ၃၆ RC နှစ်ထပ်ဖြစ်ပြီး ဆက်စပ်လုပ်ငန်းများ ဖြစ်သည့် မိလ္လာကန်တည်ဆောက်ခြင်း၊ ဂါလံ ၃၀၀၀ ဆံ့ ရေကန် တည်ဆောက်ခြင်း၊ စက်ရေတွင်းတူးဖော်ခြင်း၊ ခြံစည်းရိုးကာရံခြင်း၊ ရုံးရှေ့ရေမြောင်း ပြုလုပ်ခြင်း၊ ရေပိုက် သွယ်တန်းခြင်း၊ မိုးကြိုးလွှဲတပ်ဆင်ခြင်းနှင့် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများ ပါဝင်ပြီး ယင်းလုပ်ငန်းများအား ယခုနှစ် မေလကုန်အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)