ကျိုက်မရော၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ကြေးများ ပေးအပ်

ကျိုက်မရော မတ် ၁၆

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်နှင့် အထက်သက်ကြီးဘိုးဘွား (၆၁၆) ဦးအား လူမှုရေးပင်စင် ထောက်ပံ့ကြေး ပေးအပ်ပွဲကို ယနေ့နံနက် (၁၀) နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဟင်္သာ ခန်းမ၌ပြုလုပ်သည်။

အခမ်းအနားတွင် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောအောင်မြင့်ခိုင်က လူမှုရေးပင်စင်များ ထောက်ပံ့ပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထိုနောက် ကျိုက်မရောမြို့နယ်အတွင်း လူမှုရေးပင်စင် ခံစားနေသည့်အဘိုးအဘွား(၆၁၆)ဦး အတွက် တစ်ဦးလျှင် ၁၀၀၀၀ ကျပ်နှုန်းဖြင့် ၃လ အတွက် (၃၀၀၀၀/)ကျပ်နှုန်း၊ စုစုပေါင်း(၁၈၄၈၀၀၀၀/-) ကျပ်အား ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးများမှ တစ်ဆင့် အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးလျက်ရှိကြောင်းသိရသည်။

ချိုမြတ်မြတ်ထွေး (ကျိုက်မရော)