ရှမ်းရွာသစ် မတ် ၁၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့အတွင်းရှိ အသက်(၈၅)နှစ်နှင့် အထက် သက်ကြီး ဘိုးဘွား (၆၁)ဦး အား လူမှုရေးပင်စင်ထောက်ပံ့ကြေး ပေးအပ်ပွဲကို ယမန်နေ့က ရှမ်းရွာသစ်မြို့ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
အခမ်းအနားတွင် ရှမ်းရွာသစ်မြို့ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင်က လူမှုရေးပင်စင်များ ထောက်ပံ့ပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။ ထို့နောက် ရှမ်းရွာသစ် မြို့အတွင်း လူမှုရေးပင်စင်ခံစားနေရသည့် အဘိုး အဘွား (၆၁)ဦး အတွက် တစ်ဦးလျှင် (၁၀၀၀၀)ကျပ်နှုန်းဖြင့် ၃လ အတွက် (၃၀၀၀၀)ကျပ် နှုန်း၊ စုစုပေါင်း (၁၈၃၀၀၀၀/-)ကျပ်အား ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေး မှူးများနှင့် ရပ်ကျေး စာရေးများမှ တစ်ဆင့် အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
ဝေဠု (ပြန်/ဆက်)