မင်းဘူး(စကု) မြို့နယ်တွင် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ် (၉၃.၉၅) ရာခိုင်နှုန်း ဝင်ရောက်ဖြေဆို

မင်းဘူး မတ် ၁၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်တွင် စာစစ်ဌာန (၂၈) ခုရှိပြီး မင်းဘူး(စကု) မြို့နယ်တွင် စာစစ်ဌာန (၆) ခုဖြင့် ဆောင်ရွက်လျက်ရှိရာ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို ယနေ့ နံနက် ၉ နာရီ အချိန်က စတင်ဖြေဆိုရာ ဖြေဆိုမှုရာခိုင်နှုန်း (၉၃.၉၅) ရာခိုင်နှုန်းရှိကြောင်း မင်းဘူးမြို့နယ် ပညာရေးမှူးရုံးမှ သိရှိရသည်။

မင်းဘူး(စကု) မြို့နယ်တွင်  စာစစ်ဌာန(၆)ခုဖြင့် ကျင်းပလျက်ရှိရာ ဇီဝဗေဒ ဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို အထက (၁) ကျောင်းတွင်  ဖြေဆိုသူ ကျောင်းသား/သူ (၁၀၆၆)ဦး၊ ပျက်ကွက် (၆၅) ဦး၊ အထက(၂) ကျောင်းတွင် ဖြေဆိုသူ ကျောင်းသား/သူ(၉၁၁)ဦး၊ ပျက်ကွက် (၇၀) ဦး၊ အထက-ခွဲ(မြို့မ) ကျောင်းတွင် ဖြေဆိုသူ ကျောင်းသား/သူ(၃၂၉)ဦး၊ ပျက်ကွက် (၁၁) ဉီး၊  အထက (မုန်တောင်) ကျောင်းတွင် ဖြေဆိုသူ ကျောင်းသား/သူ(၂၇၇)ဦး၊ ပျက်ကွက် (၁၃) ဦး၊ အထက (ရွာသာ) ကျောင်းတွင် ဖြေဆိုသူ ကျောင်းသား/သူ(၁၂၄)ဦး၊ ပျက်ကွက် (၂၂) ဦး၊ အထက (စကု) ကျောင်းတွင် ဖြေဆိုသူ ကျောင်းသား/သူ(၈၅၂)ဦး၊ ပျက်ကွက် (၄၈) ဦးရှိရာ ဖြေဆိုသူ စုစုပေါင်း (၃၅၅၉) ဦး၊ ပျက်ကွက်စုစုပေါင်း (၂၂၉) ဦးရှိပြီး ဖြေဆိုမှုရာခိုင်နှုန်းမှာ (၉၃.၉၅) ရာခိုင်နှုန်းရှိကြောင်း သိရသည်။

အဆိုပါ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုစဉ် ကျောင်းသား/သူများ အခက်အခဲမရှိ အဆင်ပြေ ချောမွေ့စွာ ဖြေဆိုနိုင်ရေး၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မီးဘေးအန္တရာယ် ကင်းဝေးစေရေးတို့ အတွက် မင်းဘူးခရိုင်အတွင်းရှိ စာစစ်ဌာနများတွင် အပြင်စည်းလုံခြုံရေးအတွက် ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များ၊  မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊  လူမှုရေးအသင်းအဖွဲ့ စေတနာရှင်များမှ တာဝန်ယူပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျော်စိုးဝင်း(မင်းဘူး)