ကျွန်းလှမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ် ၁၁၇၀ ဦးဝင်ရောက်ဖြေဆို

 ကျွန်းလှ မတ် ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒ ဘာသာရပ်ဖြေဆိုရန် ပျက်ကွက်သူ (၆၇)ဦး ရှိကြောင်း သိရသည်။

ထိုတက္ကသိုလ်ဝင်စာမေးပွဲ (အ-ထ-က) ကျွန်းလှစာစစ်ဌာနတွင် ဖြေဆိုသူ (၇၃၁)ဦး၊ ပျက်ကွက်သူ (၃၄)ဦး၊ (အ-ထ-က) သစ်ရာမြိုင်စာစစ်ဌာနတွင် ဖြေဆိုသူ (၃၀၀)ဦး၊ ပျက်ကွက်သူ (၂၅)ဦး၊ (အ-ထ-က) ညောင်ကိုင်း စာစစ်‌ဌာနတွင် ဖြေဆိုသူ (၅)ဦး၊ ပျက်ကွက်သူ မရှိ၊ (အ-ထ-က) ရွာကုန်းကြီး စာစစ်ဌာနတွင် ဖြေဆိုသူ (၁၀၉)ဦး၊ ပျက်ကွက်သူ (၇)ဦး၊ (အ-ထ-က) ပေပင်ချောင် စာစစ်ဌာနတွင် ဖြေဆိုသူ (၂၅)ဦး၊ ပျက်ကွက်သူ (၁)ဦး၊ စုစုပေါင်း ဖြေဆိုသူ (၁၁၇၀)ဦး၊ ပျက်ကွက်သူ (၆၇)ဦး၊ (၅)ရာခိုင်နှုန်း ဖြစ်ကြောင်း မြို့နယ် ပညာရေး မှူးရုံးမှ သိရသည်။

အဆိုပါ ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရန် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊ ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများက ကြီးကြပ်ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ