သန်လျင်၌ တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်းသား ကျောင်းသူများ ဇီဝဗေဒဖြေဆိုသူ ၈၇၉ ဦးနှင့် ဘောဂဗေဒဖြေဆိုသူ ၃၅၂၉ ဦးဝင်ရောက်ဖြေဆို

ရန်ကုန် မတ် ၁၈

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ယနေ့ နံနက် ၉ နာရီက အခြေခံပညာ ကျောင်းများရှိ စာစစ်ဌာန (၆) ခုတွင် ဇီဝဗေဒဘာသာရပ်ဖြေဆိုရန်အတွက် စာရင်းရှိ ၉၃၀ ဦးရှိပြီး ဖြေဆိုသူ ၈၇၉ ဦးရှိကာ ဖြေဆိုသူရာခိုင်နှုန်း ၉၄ ဒသမ ၅၂ ရာခိုင်နှုန်းရှိကြောင်းနှင့် ဖြေဆိုရန်ပျက်ကွက်သူ ၅၁ ဦးရှိကြောင်း ဘောဂဗေဒဘာသာရပ် ဖြေဆိုရန်အတွက် စာရင်းရှိ ၃၈၉၈ ဦးရှိပြီး ဖြေဆိုသူ ၃၅၂၉ ဦးရှိကာ ဖြေဆိုသူရာခိုင်နှုန်း ၉၀ ဒသမ ၅၃ ရာခိုင်နှုန်းရှိကြောင်းနှင့် ဖြေဆိုရန်ပျက်ကွက်သူ ၃၆၉ ဦးရှိကြောင်း သိရသည်။

သက်ခိုင် (သန်လျင်)