လှိုင်းဘွဲမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၉၄၄) ဦးအား လူမှုရေးပင်စင် ထောက်ပံ့ကြေးများ ပေးအပ်

လှိုင်းဘွဲ မတ်လ ၁၈

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွား (၉၄၄) ဦးအား လူမှုရေးပင်စင် ထောက်ပံ့ကြေးငွေများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဒုတိယ (၃) လ အတွက် ထေက်ပံ့ငွေများ ပေးအပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ခြင်းများကို (၃) လတစ်ကြိမ် ပေးအပ်လျက်ရှိရာ (ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်) လများအတွက် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၉၄၄) ဦးအား တစ်ဦးလျှင် (၃၀၀၀၀/-) ကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၂၈၃၂၀၀၀၀/-) ကျပ်ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတစ်ဆင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ တာဝန်ကျစာရေးများမှ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများထံ အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်လျက်ရှိကြောင်း သိရှိရသည်။                                                                          

ခင်စန်းမြင့်(ပြန်/ဆက်)