ဘုတလင်မြို့နယ် ဆင်ဝင်ကျေးရွာနှင့် ကျွန်းချောင်းကျေးရွာတို့တွင် လျှပ်စစ်မီးလင်း

ဘုတလင် မတ် ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (NEP)  အစီအစဉ်ဖြင့် ဆောင်ရွက်သည့် ဆင်ဝင်ကျေးရွာနှင့် ကျွန်းချောင်းကျေးရွာတို့တွင် ယမန်နေ့ ညပိုင်းမှ စတင်၍ လျှပ်စစ်မီးလင်းပြီ ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးလှဘော်စံထံမှ သိရသည်။

“ဆင်ဝင်ကျေးရွာနဲ့ ကျွန်းချောင်းကျေးရွာကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက စတင်ပြီး လျှပ်စစ်မီးရရှိရေး သွယ်တန်းခဲ့ပါတယ်။ (NEP) Phase (1) အစားထိုး ကျေးရွာ (၂၁) ရွာအနက် ဆင်ဝင်ကျေးရွာနဲ့ ကျွန်းချောင်းကျေးရွာက ပထမဆုံး လျှပ်စစ်မီး စတင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ကျန်ရှိတဲ့ ကျေးရွာ (၁၉) ရွာလည်း မကြာခင် လျှပ်စစ်မီး ရရှိတော့မှာပါ” ဟု မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးလှဘော်စံက ပြောသည်။

NEP အစီအစဉ်ဖြင့် လျှပ်စစ်မီးရရှိရေးဆောင်ရွက်ရာတွင် 11 KV လျှပ်စစ်မီးလိုင်းကို ကျေးရွာများအရောက် သွယ်တန်းပေးကာ ထရန်ဖော်မာတပ်ဆင်ပေးပြီး ကျေးရွာတွင်း မီးလိုင်းများကို ကျေးရွာအစီအစဉ်ဖြင့်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ဘုတလင်မြို့နယ်တွင် ဆင်ဝင်ကျေးရွာနှင့် ကျွန်းချောင်းကျေးရွာအပါအဝင် ကျေးရွာပေါင်း(၁၄၄)ရွာတွင် နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်မီးရရှိနေပြီ ဖြစ်ကြောင်း သိရသည်။

ဖိုးခါး(ပြန်/ဆက်)