ကျွန်းလှ မတ် ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင်၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ ဇီဝဗေဒဘာသာ (၄၆၂) ဦး၊ ဘောဂဗေဒဘာသာ (၁၆၇၉) ဦး ဖြေဆိုကြောင်း သိရသည်။
ထိုတက္ကသိုလ်ဝင်စာမေးပွဲ အထက ကျွန်းလှ စာစစ်ဌာနတွင် ဇီဝဗေဒဘာသာ (၃၈၇) ဦး၊ ဘောဂဗေဒဘာသာ (၈၃၉)ဦး၊ အထကသစ်ရာမြိုင်စာစစ်ဌာနတွင် ဇီဝဗေဒဘာသာ (၂၉) ဦး၊ ဘောဂဗေဒဘာသာ (၄၃၀) ဦး၊ အထက ညောင်ကိုင်းစာစစ်ဌာနတွင် ဇီဝဗေဒဘာသာ (၃)ဦး၊ ဘောဂဗေဒဘာသာ (၁၂၀) ဦး၊ အထကရွာကုန်းကြီးတွင် ဇီဝဗေဒဘာသာ (၃၄) ဦး၊ ဘောဂဗေဒဘာသာ (၁၉၂) ဦး၊ ပေပင်ချောင်စာစစ်ဌာနတွင် ဇီဝဗေဒဘာသာ (၉)ဦး၊ ဘောဂဗေဒဘာသာ (၉၈)ဦး ဖြဆိုကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အဆိုပါ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရန် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများက ကြီးကြပ်ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ