ပွင့်ဖြူ၊ မတ် ၁၈
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် အဘိုးအဘွား ၈၉၈ ဦးအား နိုင်ငံတော်မှ ထောက်ပံ့ပေးသည့် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်၊ ဒုတိယပတ် (၃)လအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယနေ့ နံနက်ပိုင်း က မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေး စာရေးဝန်ထမ်းများက အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
အဆိုပါ လူမှုရေးပင်စင်ထောက်ပံ့ငွေများကို နိုင်ငံတော်မှ သက်ကြီးဘိုးဘွားများ သက်ရှည်ကျန်းမာစွာ နေထိုင် သွားနိုင်ရေး အတွက်ရည်ရွယ်ပြီး (၃)လ တစ်ကြိမ် ထောက်ပံ့ပေးလျက်ရှိရာ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ် ၊ ဒုတိယပတ် (ဇန်နဝါရီ ၊ ဖေဖော်ဝါရီ ၊ မတ် )လအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ပွင့်ဖြူမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာများမှ အသက်(၈၅) နှစ်အထက် အဘိုးအဘွား ၈၉၈ ဦး အား တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၂၆၉၄၀၀၀၀ အား နယ်မြေအလိုက် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေး စာရေးဝန်ထမ်းများက အဘိုးအဘွားများထံ အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ပေးနေကြောင်း ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင် ထံမှသိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )