ဒဂုံမြို့နယ်၌ အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် အိမ်တိုင်ရာရောက် ထောက်ပံ့ငွေပေးအပ်

ဒဂုံ မတ် ၁၈

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်  ပြန်လည်နေရာချထားရေး  ဝန်ကြီးဌာနမှ  လူမှုကာကွယ်စောင့် ရှောက်ရေးလုပ်ငန်းစဉ်အဖြစ်  အသက်(၈၅)နှစ်နှင့် အထက်သက်ကြီး ဘိုးဘွားများအား (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ် ဇန်နဝါရီလ၊ဖေဖော်ဝါရီလနှင့် မတ်လ အတွက် လူမှုရေး ပင်စင်ထောက်ပံ့ငွေပေးအပ်ခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ယောမင်းကြီးရပ်ကွက်၌ ယမန်နေ့ မွန်းလွဲ၂နာရီက သက်ကြီးဘိုးဘွား တစ်ဦးချင်းအလိုက် လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများက အိမ်တိုင်ရာရောက် ပေးအပ်ကြောင်း သိရသည်။

ထောက်ပံ့ငွေပေးအပ်ရာတွင်အသက်(၈၅)နှစ်အထက်ဘိုးဘွားများအားလစဉ်နိုင်ငံတော်မှကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့်  တစ်ဦးလျှင်  ကျပ်တစ်သောင်းနှုန်းဖြင့်  (၃)လတစ်ကြိမ်   စုစုပေါင်း ငွေကျပ် သုံးသောင်းကို  ပုံမှန် ထောက်ပံ့ပေးအပ်လျက် ရှိကြောင်း သိရသည်။

  ဇာဖြူဝင်း(ပြန်/ဆက်)