ဝန်းသို မတ် ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဝန်းသိုမြို့နယ် အ.ထ.က ဝန်းသို စာစစ်ဌာနနှင့် အ.ထ.က ဂျိုးတောင်စာစစ်ဌာနတို့တွင် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ် ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၁၃၀)ဦး ဖြေဆိုပြီးစီးခဲ့ကြောင်း သိရသည်။
ဝန်းသိုမြို့နယ်ရှိ စာစစ်ဌာနနှစ်ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ်ဖြေဆိုရန် စာရင်းပေးထားသူ ကျား၊ မ (၁၂၂)ဦးရှိပြီး ဖြေဆိုသူ ကျား၊မ (၁၁၈)ဦး၊ ဘောဂဗေဒဘာသာရပ်ဖြေဆိုရန် စာရင်းပေးထားသူ ကျား၊ မ စုစုပေါင်း (၁၀၅၆) ဦးရှိပြီး ဖြေဆိုသူ ကျား၊ မ စုစုပေါင်း (၁၀၁၂) ဦးရှိရာ ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်ဖြေဆိုသူ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၁၁၃၀) ဦးရှိပြီး ပျက်ကွက်သူ စုစု ပေါင်း ၄၈ ဦးရှိကြောင်း မြို့နယ်ပညာရေးမှုးရုံးမှ သိရသည်။
အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲကျင်းပနေချိန်ကာလအတွင်း ကျောင်းသား ကျောင်းသူများ၊ စာမေးပွဲ ကို စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေး၊ သွားလာရေး၊ လုံခြုံရေး၊ ကျန်းမာရေးနှင့် စာစစ် ဌာနများ၏ မီးဘေး အန္တရာယ်လုံခြုံစေရေးတို့ အတွက် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်း၊ မြို့နယ်ပညာရေးမှူး ဆရာကြီးဦးစိုးနိုင်နှင့် ဆရာကြီး၊ ဆရာမကြီးများ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့ ဝင်များ၊ ရပ်ကွက်၊ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများက ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်းသိရသည်။
ကျော်မြိုင် (ပြန်/ဆက်)