ကော့ကရိတ် မတ် ၁၈
ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင် ကိုရိုနာဗိုင်းရပ်စ်ကြိုတင်ကာကွယ်ရေးအတွက် လက်ကမ်းစာစောင်များကို ယနေ့ နေ့လယ် ၁၂နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတို့တွင် ကျောင်းသူ ကျောင်းသားများအား ဖြန့်ဝေခဲ့ကြသည်။
အဆိုပါ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေးအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့နှင့် ကျောင်းအကျိုးတော်ဆောင်များမှ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုပြီး စာဖြေခန်းမှထွက်လာသည့် ကျောင်းသားကျောင်းသူများနှင့် လာရောက် ကြိုဆိုသည့် ကျောင်းသားကျောင်းသူမိဘများအား ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်း သိရှိရသည်။
စိုးထက်အောင်(ပြန်ဆက်)