အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ အိမ်တိုင်ရာရောက်ထောက်ပံ့ကြေးလိုက်လံပေးအပ်

ရှမ်းရွာသစ်၊ မတ် ၁၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ ပိုးပလေကျေးရွာအုပ်စု ခလယ့်ဒေးကျေးရွာတွင် အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ကြေးငွေများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဒုတိယ (၃)လ အတွက် ထောက်ပံ့ငွေများ ယမန်နေ့က ပေးအပ်လျက်ရှိကြောင်း သိရသည်။၊

အဆိုပါ လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ခြင်းများကို (၃)လတစ်ကြိမ် ပေးအပ်လျက်ရှိရာ (ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်)လ များအတွက် ခလယ့်ဒေးကျေးရွာရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား တစ်ဦးလျှင် (၃၀၀၀၀) ကျပ်နှုန်းဖြင့် တာဝန်ကျရပ်ကျေးစာရေးနှင့် ကျေးရွာအုပ်ချုပ်မှူးများမှ အသက်(၈၅)နှစ် နှင့်အထက် သက်ကြီးဘိုးဘွားများထံ အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်လျက်ရှိကြောင်း သိရသည်။

ဝေဠု (ပြန်/ဆက်)