စလင်းမြို့နယ်၊ ဂွေးကုန်းကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကျင်းပ

စလင်း   မတ်  ၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ငါးသန်ခေါင်းကျေးရွာအုပ်စု၊ ဂွေးကုန်းကျေးရွာရှိ ရွှေစံရာဓမ္မာရုံ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကျေးလက်ဒေသ ဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ကျင်းပခဲ့သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်ခိုင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းမြင့်က ပြည်သူ့စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ တင့်ဆွေကိုယ်စား မြို့မကျန်းမာရေးမှူး ဦးမျိုးသန့်က ကိုရိုနာဗိုင်းရပ်စ် ပြင်းထန်အဆုတ်ရောင်ကူးစက်ရောဂါ အကြောင်းကို လည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်လင်းက စိုက်ပျိုးရေးဆိုင်ရာ လုပ်ငန်းများ အကြောင်းကို လည်းကောင်း၊ မြို့နယ်ပညာရေးမှူး ဦးမြင့်သန်း ကိုယ်စား ဒုတိယမြို့နယ် ပညာရေးမှူး ဦးကျော်မင်းက လက်ရှိပညာရေးအခြေအနေများကို လည်းကောင်း၊ ကျေးလက်လမ်း ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမောင်မောင်ကျော်က ဦးစီးဌာန၏ လုပ်ငန်းများ အကြောင်းကို လည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ အငယ်တန်း အင်ဂျင်နီယာ-၂ ဦးမျိုးသက်နိုင် က မိမိတို့ဦးစီးဌာနလုပ်ငန်းများအကြောင်းကို လည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးဆန်းလင်းမောင်က စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ အကြောင်း အရာများကို လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြရာ တက်ရောက်လာသော ပြည်သူများက မိမိတို့ သိရှိလိုသည်များကို မေးမြန်းကြရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာ များက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရှိရသည်။

မောင်လွင်(ပြန်/ဆက်)