ဆော မတ် ၁၈
၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်က စတင်ဖြေဆိုခဲ့ရာ ယနေ့ သတ္တမနေ့တွင် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို ဖြေဆိုကြရာ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် စာစစ်ဌာန (၁၀) ခုတွင် ဇီဝဗေဒဘာသာရပ် ဖြေဆိုရန် စာရင်းရှိကျောင်းသား၊ ကျောင်းသူ ၃၉၃ ဦးတွင် ဖြေဆိုသူ ၃၈၄ ဦးရှိပြီး ဖြေဆိုရန် ပျက်ကွက်သူ ၉ ဦးဖြစ်၍ ဖြေဆိုမှုရာခိုင်နှုန်း ၉၇ ဒဿမ ၇၁ ရာခိုင်နှုန်းဖြစ်သည်။
ဘောဂဗေဒ ဘာသာရပ်တွင် ဖြေဆိုရန် စာရင်းရှိကျောင်းသား၊ သူ ၂၅၇၁ ဦးတွင် ဖြေဆိုသူ ၂၄၄၂ ဦးရှိပြီး ဖြေဆိုရန်ပျက်ကွက်သူ ၁၂၉ ဦးဖြစ်၍ ဖြေဆိုမှုရာခိုင်နှုန်း ၉၄ ဒဿမ ၉၈ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။
ဇော်မျိုးသန့်(ဆော)