(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ် ဘော်လီဘောပြိုင်ပွဲ ကျင်းပ

ကန့်ဘလူ ဇန်နဝါရီ ၁

(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဘော်လီဘောပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းက မြို့မကြက်တောင်ရုံဘေးကပ်လျက်ရှိ ဘော်လီဘော အားကစားကွင်း၌ စတင်ကျင်းပခဲ့ပါသည်။

အဆိုပါဘော်လီဘောပြိုင်ပွဲတွင် အသင်း(၅)သင်းပါဝင်ယှဉ်ပြိုင်လျက်ရှိပြီး သုံးသင်းတစ်အုပ်စု၊ နှစ်သင်းတစ်အုပ်စုဖြင့် အုပ်စုနှစ်စုခွဲကာ ယှဉ်ပြိုင်၍ ပထမ၊ ဒုတိယနှင့် တတိယဆုရ အသင်းများကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့တွင် ဆုများချီးမြှင့်ပေးအပ်မည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီထံမှ သိရသည်။

ထို့ပြင် ကြက်တောင်ရိုက်ပြိုင်ပွဲ၊ ကလေးငယ်များပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်ကစားနိုင်မည့် ပြေးခုန်ပစ်အားကစားပြိုင်ပွဲများလည်း ကျောင်းအလိုက် ကျင်းပသွားမည်ဖြစ်ကြောင်း အလက(၅)ကျောင်းအုပ်ဆရာမကြီး ဒေါ်ထားအိသော်ကပြောကြားခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)