မြိုင် စက်တင်ဘာ၂၅
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့ယာယီဈေးတွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ အဖြစ် အလင်းတန်း လက်ကမ်းစာစောင်များကို ယနေ့ နံနက် ၈ နာရီအချိန်က ဖြန့်ဝေခဲ့သည်။
ကလေးအလုပ်သမားပပျောက်နိုင်ရေးအတွက် မကွေးတိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းဆပ်ကော်မတီက ထုတ်ဝေသော “အလင်းတန်း” လက်ကမ်းစာစောင် များကို မြိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယာယီဈေးတွင် ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။
အဆိုပါ လက်ကမ်းစာစောင်တွင် ကလေးသူငယ်ဘဝဘေးကင်း လုံခြုံရေး၊ ကလေးအလုပ်သမားအဓိပ္ပါယ်၊ ကဗျာများ၊ အန္တရာယ်ရှိသည့် လုပ်ငန်း/အလုပ်များ၊ ကလေးအလုပ်သမားများ၏ အသက်အရွယ်၊ အဆိုးရွား ဆုံးပုံစံဖြင့် ခိုင်းစေခြင်း စသည့် အသိပညာပေး ဗဟုသုတများပါဝင်ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေရာတွင်မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် ဈေးကော်မတီ အဖွဲ့ဝင်များက ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သူရ(ပုံတောင်)