မကွေးတိုင်ဒေသကြီး ၊ မြို့သစ်မြို့နယ်တွင် စာအုပ်အညွှန်းမိတ်ဆက်အစီအစဉ် ဆောင်ရွက်

မြို့သစ် စက်တင်ဘာ ၂၅

မကွေးတိုင်းဒေသကြီး ၊  မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း (Book Club )အဖွဲ့တို့ပူးပေါင်း၍  ယမန်နေ့နံနက်ပိုင်းက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊  လူထုအခြေပြုဗဟိုဌာနတွင် Online   Page  မှတစ် ဆင့် စာအုပ်အညွှန်း မိတ်ဆက်အစီအစဉ်ဆောင်ရွက်ခဲ့သည်။
အဆိုပါ စာအုပ်အညွှန်းမိတ်ဆက်အစီအစဉ်တွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း Book  Clubအဖွဲ့ဝင် မကွေးတက္ကသိုလ် ၊ ဓာတုဗေဒဂုဏ်ထူးတန်းဒုတိယနှစ်ကျောင်းသူ မယမင်းခင်မှ ၂၀၁၆ ခုနှစ် ၊ အမျိုးသားစာပေ ဝတ္ထုရှည်ဆုရ စာရေးဆရာ ညီပုလေး၏ “ထက်မြက်တဲ့ ဓားသွားပေါ်ကချိုမြ မြပျားရည်စက်”စာအုပ်အား စာအုပ်အညွှန်း မိတ်ဆက်ဆောင်ရွက်ခဲ့သည်။
အဆိုပါ စာရေးဆရာ ညီပုလေး၏ အမျိုးသားစာပေ ဝတ္ထုရှည်ဆုရစာအုပ်တွင် ဆရာဝန်ဘဝ အတွေ့အကြုံနှင့် ရသအကြောင်းအရာများကို စာအုပ်မိတ်ဆက်ဆောင်ရွက်ပေးပြီး ကိုဗစ်-၁၉ရောဂါ ကာလအတွင်း  မြို့နယ်ပြည်သူ့စာကြည့်တိုက်အား  ခေတ္တပိတ်ထားသည့်အတွက်  စာပေချစ်မြတ်နိုး သူ ၊စာပေဝါသနာရှင်များအတွက် Online Page မှတစ်ဆင့် စာအုပ်အညွှန်း မိတ်ဆက် ဆောင်ရွက်ခြင်း  ဖြစ်ကြောင်းသိရသည်။
ဝင်းအိဇွန် ( ပြန် / ဆက် )