ကောလင်း ဇန်နဝါရီ ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့၌ (၂၄)ကြိမ်မြောက် အသက်(၆၀)ပြည့်နှင့်အထက် အငြိမ်းစား ဆရာ၊ဆရာမကြီးများအား အာစရိယပူဇော်ပွဲကို ယမန်နေ့ မွန်းလွဲ ၁နာရီက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် အမှတ်(၁)အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူဟောင်းများက အသက်(၈၀)အထက် ဆရာ၊ ဆရာမကြီး(၁၃)ဦး၊ အသက်(၇၀)နှစ်အထက်၊ ဆရာ၊ဆရာမကြီး (၄၁)ဦး၊ အသက် (၆၀)ပြည့်နှင့်အထက် ဆရာ၊ ဆရာမကြီး(၈၂)ဦးတို့အား သက်ငယ် ဆရာများနှင့် ကျောင်းသားကျောင်းသူဟောင်းများက ဝါစဉ်အလိုက် ပူဇော်ကန့်တော့ကြသည်။
ယင်းနောက် အပူဇော်ခံ ဆရာ၊ ဆရာမကြီးများအား ပူဇော်ပစ္စည်းများကို လက်ဝယ်အရောက် ပေးအပ်ကြပြီး ဆရာ၊ဆရာမကြီးများကိုယ်စား ဆရာကြီးဦးမောင်မောင်ချိုနှင့် ဆရာကြီး ဦးစိန်ကြိုင်တို့က ဩဝါဒစကားပြောကြားခဲ့ကြောင်း သိရသည်။
မြင့်ထွန်းမင်း(ပြန်/ဆက်)